၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ ဝါးခယ်မတွင် ကျောင်းသား၊ဝန်ထမ်း များစုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှုပွဲ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားကျောင်းသူ ဆရာဆရာမ ဝန်ထမ်း ၂၀၀ ခန့် တက်ရောက် တရားနာယူခဲ့ကြပါသည်။ ကြွရောက်လာသော ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်၍ ရိတ်တရားများ အလှုအနုမောဒနာတရားနာယူခဲ့ပါသည်။ ထို့နောက် သံဃာတော်များအား နေ့ဆွမ်းကပ်လှုပြီး ကျောင်းသားကျောင်းသူ ဆရာဆရာမများ နှင့် ဝန်ထမ်းများ ဧည့်သည်များအား ထမင်းသုတ်ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။