နောက်ခံသမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)သည် ၁၉၉၅-၁၉၉၆ ခုနှစ်တွင် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၈-၁၉၉၉ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းတည်ရှိရာ နေရာ( တိုင်း/ ပြည်နယ်): ဧရာဝတီတိုင်းဒေသကြီး
ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ: အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)သည် မြေဧရိယာ (၅၄.၆၉)ဧကကျယ်ဝန်း၍ ဝါးခယ်မတံတားကြီး၏ အရှေ့ဘက် ၁ မိုင်ခန့် အကွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ လှေကျင်းရပ်ကွက်၊ မြူရုံးလမ်းမပေါ်တွင် တည်ရှိပါသည်။
ရည်မှန်းချက်
ဒေသတွင်းရှိတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းအင်ဂျင်နီယာဘာသာရပ်များကိုမိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်
ခေတ်နှင့်အညီဖြစ်ပေါ်လာသောအင်ဂျင်နီယာပညာရပ်များသင်ကြားပေးနိုင်ရန်
မျှော်မှန်းချက်
ဒေသတွင်းရှိတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများမှ အဆင့်မီသူတိုင်းအင်ဂျင်နီယာဘာသာရပ်များကိုမိမိဒေသအတွင်း၌ပင် လေ့လာသင်ယူနိုင်ရန်
ခေတ်နှင့်အညီဖြစ်ပေါ်လာသောအင်ဂျင်နီယာပညာရပ်များသင်ကြားပေးနိုင်ရန်
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် အကျိုးပြုနိုင်သောအရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာကောင်းများမွေးထုတ်ပေးနိုင်ရန်
အသိပညာပြည့်ဝသောအတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များပြုစု ပျိုးထောင်ပေးရန်နှင့် မွေးထုတ်ပေးရန်
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ | မှတ်ချက် |
---|---|---|---|---|
၁ | ဦးသိန်းဌေး | B.E (Mech) | ၁-၃-၁၉၉၅ မှ ၁၇-၈-၁၉၉၈ ထိ | စက်မှုလက်မှုအထက်တန်းကျောင်း |
၂ | ဒေါ်ဆွေဆွေဦး | B.E (T.E) | ၅-၁၀-၁၉၉၈ မှ ၁၅-၂-၁၉၉၉ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ |
၃ | ဦးသိန်းဌေး | B.E (Mech) | ၂၂-၂-၁၉၉၉ မှ ၃၀-၉-၁၉၉၉ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ |
ဒေါ်မြင့်မြင့်ဦး | B.E (Civil) | ၈-၁၂-၁၉၉၉ မှ ၂-၈-၂၀၀၀ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဒေါ်လှလှရီ | M.E (Mech) | ၅-၂-၂၀၀၂ မှ ၁၈-၄-၂၀၀၃ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးမျိုးမင်းသက် | M.E (EP) | ၉-၄-၂၀၀၃ မှ ၃၀-၆-၂၀၀၄ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးမင်းသျှန်ထွန်း | M.E (Met) | ၂၄-၆-၂၀၀၄ မှ ၂၈-၂-၂၀၀၅ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးဇော်မင်းထွန်း | M.E (Chem) Rus | ၂၅-၂-၂၀၀၅ မှ ၁၇-၇-၂၀၀၆ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးမျိုးသူရသိန်း | M.E (Met) Rus | ၁၀-၄-၂၀၀၆ မှ ၃-၁၁-၂၀၀၉ ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးမင်းမင်းထွန်း | M.E (Met) Rus | ၃-၁၁-၂၀၀၉ မှ | အစိုးရစက်မှုလက်မှုသိပ္ပံ | |
ဦးတင်ဌေး | အစိုးရစက်မှုလက်မှုသိပ္ပံ | |||
ဦးဟိဏ်းထက်အောင် | အစိုးရစက်မှုလက်မှုသိပ္ပံ | |||
ဒေါက်တာကျော်သူထက် | Ph.D (EC) | ၂၂-၅-၂၀၁၈ မှ ယနေ့ထိ | အစိုးရစက်မှုလက်မှုသိပ္ပံ |