အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ) မေဂျာပေါင်းစုံ မိုးရာသီ အားကစားပြိုင်ပွဲများ ကို (၁၈-၈-၂၀၂၃) မှ (၂၆-၈-၂၀၂၃) ရက်နေ့အထိ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော် ခြင်းပြိုင်ပွဲ၊ အမျိုးသားကြက်တောင်ပြိုင်ပွဲ၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲ၊ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။
(၁၈-၈-၂၀၂၃) ရက်နေ့ နံနက်ည(၈)နာရီအချိန်တွင် အားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနား စတင်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သူထက်မှ အားကစားပြိုင်ပွဲများ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အသင်းအလိုက် ကျောင်းအုပ်ကြီးအား ချီတက်အလေးပြုကြပြီး အားကစားပြိုင်ပွဲကွင်း အသီးသီးသို့ ချီတက်ထွက်ခွါကြပါသည်။
(၂၆-၈-၂၀၂၃) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် အားကစားပြိုင်ပွဲများ ပိတ်ပွဲနှင့် ဆုရ အားကစားသမားများ အားဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာမေဇင်ထွေးမှ အားကစားပြိုင်ပွဲများပိတ်ပွဲ အမှာစကားပြောကြားပြီး ဆုရရှိကြသော အသင်းများနှင့် အားကစားသမားအသီးသီးအား ဆုများချီးမြှင့်ပြီး အခမ်းအနားကို ညနေ (၆း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Average Rating